စမ်းချောင်းမြို့နယ်တွင် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်

စမ်းချောင်း စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ၂၀၂၅ ခုနစ် တက္ကသိုလ်၀င်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းများနှင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက စမ်းချောင်းမြို့နယ် အမှတ် () အခြေခံပညာအထက်တန်းကျောင်း စပယ်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ခရိုင်ပညာရေးမှူး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ခရိုင်နှင့် မြို့နယ်တို့မှ အများသမီးရေးရာ အဖွဲ့၀င်များ၊ မိခင်နှင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၀င်များ၊ ဆရာ၊‌ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ  တက်ရောက်ကြသည်။

ရှေးဦးစွာ အ.ထ.က () အလုံ ကျောင်းသား၊ ကျောင်းသူ များက ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းသိန်းက ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဆရာမကြီးမှ ဆုချီမြှင့်ခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။                        

ထို့နောက် ၂၀၂၅ ခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ၆ ဘာသာ ဂုဏ်ထူးရှင် ()ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ()ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ()ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် (၁၂)ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၂၃)ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၃၅)ဦး၊ ခရိုင်အဆင့်အောင်ချက် အကောင်းဆုံးအထက်တန်းကျောင်း () ကျောင်းနှင့် ခရိုင် အဆင့် လူရည်ချွန် စာမေးပွဲတွင်ထူးချွန်ဆုရ ‌ကျောင်းသား၊ ကျောင်းသူ () ဦးတို့အား တာ၀န်ရှိသူများက ဆုများ အသီးသီးချီးမြင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက တယောတူရိယာတေးသံသာ၊ အနာဂတ်လူရည်မွန်သီချင်းများ ဖြင့်သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း (ပြန်/ဆက်)