ရမည်းသင်း စက်တင်ဘာ ၆
ရမည်းသင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ခရိုင်၊မြို့နယ်ကော်မရှင်အဖွဲခွဲများမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က အမှာစကားပြောကြားခဲ့ပြီး မန္တလေး တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းက ရွေးကောက် ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင်မင်းအေးက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ဆက်လက်ရှင်းလင်းပြောကြားခဲ့ရာ ခရိုင်ရွေးကောက် ပွဲကော်မရှင်အတွင်းရေးမှူး ဦးဇော်မင်းက ရွေးကောက်ပွဲဆိုင်ရာကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်၊မြို့နယ်ကော်မရှင်အဖွဲခွဲများမှ ဥက္ကဌ နှင့်အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ ဆက်)