မိုင်းပျဉ်း စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၄)ရက်နေ့မွန်းလွှဲပိုင်းက အဆိုပါကျောင်းဘုရားခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းက ဓမ္မစကြာပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြသည်။ ထို့နောက် ကျောင်းကောင်စီအသင်းအလိုက် ဓမ္မစကြာရွတ် ပြိုင်ပွဲများကိုကျင်းပရာ ပထမဆုရရှိသော အလောင်းဘုရားအသင်းအား စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်၊ ဒုတိယဆုရရှိသော အနော်ရထာအသင်းအား မြို့နယ်ပညာရေးမှူး ဒေါ်နန်းဟွမ်နွန်း၊ တတိယဆုရရှိသော ဗန္ဓုအသင်းအား ကျောင်းအကျိုးတော်ဆောင် ဒေါ်နန်းဝိုးစိန်နှစ်သိမ့်ဆုနှစ်ဆုအား ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင်တို့က အသီးသီးဆုများ ချီးမြှင့်ပေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းကောင်စီအလိုက် ဓမ္မစကြာရွတ်ဆိုပြိုင်ပွဲသို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းမှ ဆရာတော်၊ ဗျူဟာမှူးနှင့် တပ်နယ်အရာရှိများ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ဆရာမများနှင့် ကျောင်းကောင်စီအသင်းအလိုက် ကျောင်းသား၊ကျောင်းသူများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)