မန္တလေးမြို့ မူဆယ်လူမှုကူညီရေးအသင်း စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး  စက်တင်ဘာ ၆

မန္တလေးချမ်းအေးသာစံမြို့နယ်၊လမ်း(၈၀)ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ (၁၂)ကြိမ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို စက်တင်ဘာ ၆ရက် နံနက် ၆ နာရီကပြုလုပ်သည်။

ဘုံဆွမ်းလောင်းလှူပွဲတွင် သံဃာတော်အရှင်သူမြတ်များအား ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့နှင့်အတူ မန္တလေးမြို့ မူဆယ်လူမှုကူညီရေးအသင်းက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူကြသည်

အဆိုပါ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်းအနေဖြင့် ယခုလပြည်ဥပုသ်နေ့တွင် အနောက်ထီးလင်း ကျောင်းမှ ပင့်သံဃာ ၁၂၅ ပါးနှင့် ဂွေးချိုတိုက်မှသံဃာတော် ၁၂၅ ပါး စုစုပေါင်းသံဃာတော်အပါး၂၅၀တို့အား ပင့်ဖိတ်၍ (၁၂)ကြိမ်မြောက် နဝမပတ်အဖြစ် ကုသိုလ်ပြုဘုံဆွမ်းလောင်းလှူကြကြောင်းသိရသည်။

မြင့်မော်ထွန်း- အောင်စံ၊ပြန်/ဆက်