သန်လျင်မြို့နယ် TTEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

သန်လျင် စက်တင်ဘာ ၆

သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းက မြို့သစ် TTEC ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတို့နှင်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ပြုလုပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)