မြစ်သား စက်တင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ပါက ဆောင်ရန်၊ ရှောင်ရန်နှင့် ကြိုတင်ပြင်ဆင်နိုင်ရန်ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားကာ ငလျင်ဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်များနှင့် ကြုံလာပါက လက်တွေ့အသုံးပြုရမည့် အသိပညာများအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော ကလေးအလုပ်သမားပျောက်ရေး၊ ငလျင်ဘေးအန္တရာယ်၊ မြေပြိုဘေးအန္တရာယ်နှင့် မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြပြီး ဆက်လက်၍ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)