ပန်းဘဲတန်းမြို့နယ်၌ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ငွေပေးအပ်

ပန်းဘဲတန်း စက်တင်ဘာ ၆

ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ) ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပန်းဘဲတန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်မှ အဖွင့်အမှာစကားပြောကြားပြီး ပန်းဘဲတန်းမြို့နယ် ထောက်ပံ့‌ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်က ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးရသည့် အကြောင်းအရင်းများကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းဘဲတန်းမြို့နယ်အတွင်းသို့ အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ(တစ်ပတ်စာ) ယာယီနေရပ်စွန့်ခွာပြည်သူ တစ်ဦးလျှင် (၁၁၂၂၆) ကျပ်နှုန်းဖြင့်အိမ်ထောင်စု(၁၃)စု၊ လူဦးရေ (၄၈)ဦး တို့အတွက် စုစုပေါင်း ကျပ်(၅၃၈,၈၄၈)တန်ဖိုးရှိ ဆန်၊ ဆီ၊ ဆား၊ ပဲ စားသုံးကုန်ပစ္စည်းများ (တစ်ပတ်စာ)ကို တာဝန်ရှိသူများက ကာယကံရှင် လက်ဝယ်အရောက် အသီးသီးထောက်ပံ့ ပေးအပ်ခဲ့သည်။

အဆိုပါ ခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ​ခေတ္တဥက္ကဋ္ဌ ဦးသိန်းလင်းအောင်၊ အဖွဲ့ဝင် ဗိုလ်မှူးယောမင်းကို့နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေး အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရခိုင်ပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)