ဒလမြို့နယ်၌ နာရီစင်အသစ်ဆောက်လုပ်မည့်နေရာတွင် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် မြေသန့်မင်္ဂလာရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဒလ စက်တင်ဘာ ၆

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အထူးခွင့်ပြုရန်ပုံငွေ ကျပ် (၂၀၀.၀၀၀) သန်းဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာ၀န်ယူတည်ဆောက်မည့် ဒလမြို့နယ်အထိမ်းအမှတ် နာရီစင်တည်ဆောက်ရန် အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် မြေသန့်မင်္ဂလာရွတ်ဖတ်ပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၆ ရက်နေ့ နံနက်  ၇ နာရီ မိနစ် ၃၀ က အောင်မင်္ဂလာရပ်ကွက်ရှိ ဒလ-တွံတေးကားလမ်း၊ မိုင်တိုင်အမှတ် ၀၊ ချယ်ရီကူးတို့သင်္ဘောဆိပ်အနီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးဆန်းမှ အသစ်ဆောက်လုပ်မည့်နာရီစင်အား အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အလယ်ကျောင်းပရိယတ္တစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာဂန္တဝါစက္ကပဏ္ဍိတ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တဣန္ဒကသာရာဘိဝံသနှင့် ဆရာတော်များမှ အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် မြေသန့်မင်္ဂလာတရားတော်များ ရွတ်ဖတ်ပူဇော်၍ နာရီစင်အသစ်ဆောက်လုပ်မည့် နေရာအားအမွှေးနံ့သာ သပြေခတ်တို့ဖြင့် ပတ်ဖျန်းခဲ့သည်။

ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒကသာရာဘိဝံသနှင့် ဆရာတော်များအား တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ အသီးသီး ဆပ်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းအင်အား (၁၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စန္ဒာမြင့်(ပြန်/ဆက်)