ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်သို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဒဂုံအရှေ့ စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာ ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ဆန်၊ ဆီ၊ ဆား ၊ ပဲထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန့်ဇော်က အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ရောက်ရှိနေထိုင်ကြောင်းနှင့် ပြန်လည်ထွက်ခွာမည်ဆိုပါက လည်းသက်ဆိုင်ရာများသို့ အသိပေးအကြောင်းကြားရန်လိုအပ်ကြောင်း၊ သို့မှသာမိမိတို့ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့် ယခုကဲ့သို့ထောက်ပံ့မှုများကို အလွယ်တကူ အဆင်ပြေဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန့်ဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို   (တစ်ပတ်စာ) ရိက္ခာများကို တစ်ဦးချင်း‌‌ ထောက်ပံ့‌ပေးအပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူ( ၃၈၂) ဦးအတွက်  ဆန်၊ ဆီ၊ ဆား၊ ပဲတို့ကို တစ်ဦးလျှင် ၁၁၂၂၆/-ကျပ်နှုန်းဖြင့်  စုစုပေါင်း ကျပ် ၄၂၈၈၃၃၂ ကျပ်တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ(ပြန်/ဆက်)