နမ့်စန်မြို့နယ် အမှတ်(၅)ကျေးရွာတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေး 

နမ့်စန်(တ)     စက်တင်ဘာ  ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင် နမ့်စန်မြို့နယ်၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၅ ရက်က    အမှတ်(၅)ကျေးရွာဓမ္မာရု ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်ဆုထားဝေက ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် မဲပေးနိုင်ရေး ဆောင်ရွက် ထားရှိမှု အခြေအနေများ၊ မြန်မာအီလက်ထရောနစ်စက်ဖြင့် မဲပေးရခြင်း၏ အကျိုးကျေးဇူး များကို အသိပညာပေး ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဝန်ထမ်းများက  တက်ရောက် လာသော  ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်ကိုကိုနှင့်ကျေးရွာနေပြည်သူများကို    မြန်မာအီလက်ထရောနစ်စက်(MEVM)ဖြင့်စမ်းသပ်မဲပေးခြင်းကိုလက်တွေ့လုပ်ဆောင်ပြသကြောင်းသိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)