ညောင်ဦး စက်တင်ဘာ ၆
တော်သလင်းလပြည့်(ဂရုဓမ္မအခါတော်)နေ့တွင် မြန်မာပြည်အရပ်ရပ်မှ ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သူများဖြင့်စည်ကားလျက်ရှိကြောင်း ရွှေစည်းခုံဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံကသိရသည်။
ပုဂံ - ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တော်သလင်းလပြည့်တွင် သမိုင်းအထင်ကရဘုရားများဖြစ်သည့် တုရင်တောင်စွယ်တော်မြတ်စေတီ၊ လောကနန္ဒာ စွယ်တော်မြတ်စေတီ၊ ရွှေစည်းခုံစေတီ၊ အာနန္ဒာဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိဘုရား၊ သဗ္ဗညုဘုရား၊ ငှက်ပစ်တောင်ဘုရား၊ မဟာဗောဓိဘုရား၊ အလို တော်ပြည့်ဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ပြဿာဒ်ကြီးဘုရား၊ ဓမ္မရာဇကဘုရား၊ ရွှေဆံတော်စေတီ၊မနုဟာဘုရား၊ မြစေတီဘုရားများတွင်သာ ဘုရားဖူးလာရောက်သူ များပြားသည် သာမကပဲ ရှင်အဇ္ဇဂေါဏဘုရား၊ ဝိနည်းဓိုလ်ဘုရား၊ နရသီဟပတေ့ဘုရား၊ လေးမျက်နှာဆုတောင်းပြည့်ဘုရား၊ ဆင်ဖြူရှင်အုတ်ကျောင်းတိုက်၊ ရင်မနားဘုရားစု၊ ဆူးလေကုန်းဘုရားစု၊ ခေမင်္ဂဘုရားစု၊ ဝတ္တနထောဘုရားစု၊ သစ္စာမဏ္ဍိုင်ဘုရား၊ တာမဏီ ဆုတောင်ပြည့်ဘုရား၊ မလုံးဖြစ်၊ မလာဖြစ်ဘုရားတို့တွင်လည်း ဘုရားဖူးလာရောက်သူ များဖြင့်စည်းကားလျက်ရှိနေကြောင်းသိရသည်။ ဘုရားဖူးလာရောက်သူများသည် မြင်းလှည်းစီးခြင်း၊ လက်အလှပန်းချီဆွဲခြင်း၊ ရိုးရာသနပ်ခါးလိမ်းခြယ်ကြခြင်း၊ ပုဂံဒေသထွက် တူညီဝတ်စုံများဝတ်၍ ဘုရားဖူးထွက်ကြခြင်းများကြောင့် လျှပ်စစ်စက်ဘီးအငှားလိုက်သူများ၊ မီနီအိုးဝေအငှားလိုက်သူများ၊ ဧည့်ကားအငှားလိုက်သူများ၊ စားသောက်ဆိုင်များဝင်ငွေတွက် ခြေကိုက်လျက်ရှိကာ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများလည်း တည်းခိုးသူများပြားလျက်ရှိနေကာ တော်သလင်းလပြည်နေ့ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဘုရား ဖူးများဖြင့် စည်ကားလျှက်ရှိကြောင်းသိရသည်။
ဒီပါလင်း