မိုင်းခတ် စက်တင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်) ၌ သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဖော်ဆောင်ရေး Clean and Green School ဆောင်ရွက်ထားရှိမှုအခြေအနေကို စက်တင်ဘာ ၆ ရက်နေ့ နံနက် (၉) နာရီက မြို့နယ်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုအခြေအနေကို မိုင်းခတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်နှင့်အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နိုင်က Clean and Green School ဖော်ဆောင်ရေး မြေပြင်အလှဖော်ခြင်း၊ သီးပင်စားပင်စိုက်ပျိုးထားခြင်း၊ မြေယာရှုခင်းအလှဖော်ခြင်း၊ ရောင်စုံပန်းများစိုက်ပျိုးထားခြင်းနှင့် စွန့်ပစ်ပစ္စည်းများဖြင့် အလှပုံဖော်ထားခြင်းတို့ကို ရှင်းလင်းတင်ပြပြီး Clean and Green School ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)