မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို မြစ်ကြီးနားလေ့ကျင့်ရေးအလယ်တန်းကျောင်းရှိ ပညာအားမာန်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဦးကျော်ထက်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ဝိုင်းမော်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်သက်မွန်က “လက်တွေ့ကျကျစာဖတ်ပါ”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး၊ ပြည်နယ်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဦးအောင်သူက လူငယ်များဗလငါးတန်ဖြင့် ဟန်ချက်ညီညီ ပြည့်ဝနိုင်စေရေးနှင့် နိုင်ငံသားကောင်းရတနာများ ပေါ်ထွက်လာစေရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများက သိရှိလိုသည်များအားမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများ လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)