ပြည်ကြီးတံခွန်မြို့နယ်နယ်ရှိ အခြေခံပညာကျောင်းများတွင် KG‌ ကျောင်းသား/ကျောင်းသူ‌များအား ပထမအကြိမ် ကျောင်းကျန်းမာရေး အာဟာရကျွေးမွေး

ပြည်ကြီးတံခွန် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက KG ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ပြည်ကြီးတံခွန်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ရန်ပုံငွေဖြင့် ကျောင်းကျန်းမာရေး အာဟာရကျွေးမွေးခဲ့သည်။

အဆိုပါ အာဟာရကျွေးမွေးရာတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း (၂၅) ကျောင်းရှိရာ ယင်းအခြေခံပညာကျောင်း (၂၅) ကျောင်းသို့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် KG ကျောင်းသား/ ကျောင်းသူများအား တစ်ပြိုင်နက်တည်း ကျောင်းကျန်းမာရေးအာဟာရကျွေးမွေးခဲ့ရာ ကျန်းမာ‌ရေးဦးစီးဌာနမှ ဆရာမများနှင့် ကျောင်းဆရာ/ ကျောင်းဆရာမများမှ ကြည့်ရှုအား‌ပေးခဲ့ပြီး တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်