ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မြစ်ကြီးနား စက်တင်ဘာ ၅

ကချင်ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် မိုးစပါး၊ နွေစပါးနှင့် ဆီထွက်သီးနှံအပါအဝင် အခြားသီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုအပ်သည့် သွင်းအားစုများ ဖြန့်ဝေထောက်ပံ့ပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စားရေ ရိက္ခာဖူလုံရေးအတွက် ခရိုင်/ မြို့နယ်များအလိုက် (၄)နှစ်တာကာလအတွင်း မြေပြင်ကွင်းဆင်းစစ် ဆေး၍ ကြိုးပမ်းဆောင်ရွက်ခဲ့သဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုများရှိခဲ့ပါကြောင်း၊ သို့ သော်လည်း မိမိတို့အနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သကဲ့သို့ မိုးစပါး၊ နွေစပါး၊ ဆီထွက်သီးနှံများအပြင် အခြားသီးနှံ သီးထပ်စိုက်ပျိုးမှုအား (၂)သီးမှ (၃)သီးအထိ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ တောင်သူ လိုအပ်ချက်ဖြစ်သည့် သွင်းအား စုများ ပံ့ပိုးကူညီပေးနိုင်ရေး မြေပြင်ကွင်းဆင်းပြီး တောင်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံကာ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အားလုံးအနေဖြင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် တောင်သူလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေးကို အဓိကအလေးထား ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်လုံခြုံရေးနှင့် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများက ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်စိုက်ပျိုးရာသီအတွင်း မိုးစပါး စိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်မှု၊ စိုက်ပျိုးနည်းစနစ်အ လိုက်ပြောင်းလဲစိုက်ပျိုးနိုင်မှု၊ တနိုင်းခရိုင် ဆန်ဖူလုံရေးအတွက် စပါးမျိုးစေ့များ ပံ့ပိုးထောက်ပံ့ခဲ့မှု၊ ပူတာအိုခရိုင် ဆီမုန်းညှင်းစိုက်ဧက တိုးချဲ့နိုင်ရေး မျိုးစေ့များ ဖြန့်ဝေပေးပို့ထားရှိမှု၊ ဆီထွက်သီးနှံ အပါအဝင် ပန်းတိုင်သီးနှံ (၁၀)မျိုး တိုးတက်ထုတ်လုပ်နိုင်ရေး လျာထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် သားငါးစားသုံးမှု ဖူလုံစေရေး၊ ဆန်စက်၊ ဆီစက်များ တိုးချဲ့ပြုပြင်တည်ထောင်ဆောင်ရွက်မှု အခြေအနေများကို ကဏ္ဍအလိုက် အသီးသီးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ခရိုင်အလိုက် မိုးစပါး စိုက်ပျိုးထုတ်လုပ်မှု အခြေအနေအပေါ် တိုးတက်လာစေရေး စီစဉ်ဆောင်ရွက်သွားရမည့် ကိစ္စရပ် များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေး လိုအပ်သည်များကို ကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါ အစည်းအဝေးခန်းမ၌ ပြည် နယ် e-Government လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို e-Government ဦးဆောင်ကော်မတီအဖွဲ့ဝင်များ၊ အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ် e-Government ဦးဆောင်ကော်မတီ နာယက၊ ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်း e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် Myanmar e-Government Master Plan 2030 နှင့်အညီ ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး အလေးအနက်ထား ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် e-Government လုပ်ငန်းစဉ် များအား အကောင်အထည်ဖော်ရာတွင် အဓိကရည်မှန်းချက် ပန်းတိုင်များဖြစ်သော နိုင်ငံတော်၏အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ အသီးသီးပြောင်းလဲတိုးတက်ဖြစ်ပေါ်မှု၊ သတင်းအချက်အလက်နည်းပညာ၏ လျင်မြန်စွာတိုးတက်ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေမှုရှိစေရန် လုပ်ငန်းစဉ်များအလိုက် စနစ်တကျ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးက အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ သင်တန်းများဖွင့်လှစ်ခဲ့မှု၊ အခြေခံအဆောက်အအုံများ တည်ဆောက်နေမှုနှင့် ရန်ပုံငွေလျာထားသတ်မှတ်နိုင်ရေး စီမံဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လွင်က Myanmar e-Government Master Plan 2030 ပါ လမ်းပြမြေပုံတွင် ရည်မှန်းထားသော အချိန်အပိုင်း အခြား အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များ လည်းကောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် Naung Yoe Tech-nologies Co., Ltd မှ တာဝန်ရှိသူများက နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အပိုင်း/ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစဉ်များအပေါ် လိုအပ်သည်များကို ဖြည့်စွက်အကြုံပြု သုံးသပ် ဆွေးနွေးတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းစဉ်များ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။

ပြည်နယ် (ပြန်/ဆက်)