ချမ်းမြသာစည်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းအခမ်းအနားကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ် (၁)ရပ်ကွက်တွင် မဲပေးစက် အသုံးပြု၍ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန် ရည်ရွယ်၍  မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့ စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါ ရပ်ကွက်ရှိ ဒါနဟိတဓမ္မဘိမာန် ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇံဖြူက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးမောင်မြင့်က မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံ‌ မဲ‌ပေးနည်းများ ကို ရှင်းလင်းပြသခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက တစ်ဦးချင်းကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အ‌ဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့(ချမ်း/စည်)