ချမ်းအေးသာစံ စက်တင်ဘာ ၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးများသည် ဝန်ထမ်းများတွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦး၊ ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်၊ မဟာအောင်မြေခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ်းသိမ်းမိုးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနအသီးသီးမှ တာဝန်ခံများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်မှ ဩဝါဒမိန့်ခွန်းပြောကြားခြင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးမှ အမှာစကားပြောကြားခဲ့ပြီး ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်မှ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော ဌာနအသီးသီးမှ တာဝန်ခံများ၊ ဝန်ထမ်းများမှ အထွေထွေကိစ္စရပ်များ တင်ပြခဲ့ကာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)