မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ၏ အခွန်ဆိုင်ရာ ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁ဝ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခွန်ဆိုင်ရာပညာပေး ရှင်းလင်းဆွေးနွေးပွဲတွင် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးပိုင်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေက ၂၀၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် အခွန်ထမ်းကုမ္ပဏီတာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးကြပါသည်။

အခမ်းအနားသို့ အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၅) ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးပိုင်စိုး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်အောင်ဆွေနှင့် တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၂၅၀) ဦး တက်ရောက်ကြကြောင်းနှင့် အခွန်ဆိုင်ရာသိကောင်းစရာ လက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်းသိရသည်။

ချမ်းမြေ့(ချမ်း/စည်)