သထုံမြို့နယ်ပညာရေးမှူးဖလား ဘောလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

သထုံ စက်တင်ဘာ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ မြို့နယ်ပညာရေးမှူးဖလားဘောလုံးအားကစားပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂ ရက်နေ့ ညနေက နန်းခဲရပ်ကွက်ရှိ သထုံခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဦးစွာ နောက်ဆုံးဗိုလ်လုပွဲအဖြစ် အ.ထ.က ညောင်ချောင်း ဘောလုံးအသင်းနှင့် အ.ထ.က ကဿဖဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အ.ထ.က ညောင်ချောင်း ဘောလုံးအသင်းမှ အနိုင်ရရှိခဲ့သည်။

ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးက ပထမဆုရရှိခဲ့သည့် အ.ထ.က ညောင်ချောင်း ဘောလုံးအသင်းအား ဂုဿ်ပြုဆုဖလားနှင့် ဆုတံဆိပ်တို့ကို ချီးမြှင့်ပေးခဲပြီး ဒုတိယဆု၊ တတိယဆုနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများကို တာဝန်ရှိသူတို့မှ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

သထုံမြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ ဖူဆယ်နှင့် ပြေးခုန်ပစ်အားကစားနည်းတို့ကို သထုံခရိုင်အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတို့၌ ဩဂုတ်လ (၂၀) ရက်နေ့မှ စက်တင်ဘာလ (၃) ရက်နေ့အထိ ကျင်းပခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)