ပေါင်မြို့နယ်(အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပ‌ဒေရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်

ပေါင် စက်တင်ဘာ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.ထ.က) နတ်ကြီးချောင်ကျောင်း၌ စက်တင်ဘာ ၃ ရက်နေ့ နံနက်(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပဒေရေးရာ ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်၊ အမှတ်(၇၈)ယာဉ်ထိန်းရဲတပ်ဖွဲ့စု သထုံမှ ရဲအုပ်နိုင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်ဦးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အမှတ်(၇၈)ယာဉ်ထိန်းရဲ တပ်ဖွဲ့စု သထုံမှ ရဲအုပ်နိုင်ထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့် အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရူခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)