ချမ်းအေးသာစံမြို့နယ် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

ချမ်းအေးသာစံ စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေများကို ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ သိရှိစေရန်အတွက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ၊ အသိပညာပေးဟောပြောပွဲများကို စဥ်ဆက်မပြက် ကျင်းပဆောင်ရွက်ပေးလျက်ရှိသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ စာအုပ်စာပေများ ရင်းနှီးကျွမ်းဝင်စေရန်နှင့် အသိပညာဗဟုသုတများ ပြည့်ဝစေရန်အတွက် သုတ၊ ရသ စာအုပ်များကို ခင်းကျင်းပြသခဲ့ပြီး၊ လူငယ်များ၏ပညာရေးကို ထိခိုက်စေသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် လှပသာယာပြည်မြန်မာမှတ်တမ်းဓာတ်ပုံ နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်