ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား (U- 11) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၁) နှစ်အောက် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်အားကစားကွင်းအတွင်း၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးညွန့်ဆန်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်၊ မြို့နယ်လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ် ဦးချမ်းငြိမ်းအောင်၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးကြသည်။

အစီအစဥ်အရ အသက် (၁၁) နှစ်အောက် အခြေခံပညာကျောင်းပေါင်းစုံ ဗိုလ်လုပွဲစဥ်တွင် နယ်မြေ (၁) အသင်းနှင့် နယ်မြေ (၃) အသင်းတို့ ယှဥ်ပြိုင်ကစားရာတွင် သရေကျ၍ ပင်နယ်တီအဆုံးအဖြတ်ဖြင့် နယ်မြေ (၁) အသင်းက အနိုင်ရဗိုလ်စွဲခဲ့သည်။

ထို့နောက် ဆုချီးမြှင်းခြင်း အစီအစဥ်အရ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် (၂) ဦးညွန့်ဆန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု ရရှိကြသူများအား တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)