မိုးနဲ စက်တင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ နို့တိုက်မိခင်များအား အသိပညာပေးစာစောင်များအား ဖြန့်ဝေခြင်းနှင့် ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါအသိပညာပေးစာစောင်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးမတိုက်ကျွေးမီ သိထားသင့်သောအကြောင်းအရာများ၊ ပိုလီယိုအကြောသေရောဂါကာကွယ်နိုင်ရေး ပိုလီယိုကာကွယ်ဆေး၏ အကျိုးကျေးဇူးများ၊ ကလေးများတွင် ဖြစ်ပွားတက်သော Haemophilus influenzae type b ကြောင့် ဖြစ်သော ဦးနှောက်အမြှေးရောင်ရောဂါနှင့် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးအကြောင်း သိကောင်းစရာ အမေးအဖြေများပါရှိသော အသိပညာပေးစာစောင်များအား ဖြန့်ဝေပေးခဲ့ကြ သည်။
ဆက်လက်၍ ဗီတာမင်နှင့် မင်နရယ်ပေါင်ဒါအား (၆)လမှ (၅၉)လအရွယ်ကလေးငယ်များအား ကျန်းမာရေးဝန်ထမ်းများက အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်ကိုကို