နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို စက်တင်ဘာ ၅ ရက်နေ့ နံနက် (၉) နာရီခွဲက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ချင်းက အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာ ကိုရွှေအောင်သင်းက “လူငယ်နှင့်အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ စာရေးဆရာ ကိုရွှေအောင်သင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းနှင့် နေ့လယ်ပိုင်း၌ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)