မိုင်းယု စက်တင်ဘာ ၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့သည် ပြည်သူများအား တောင်သူအသိပညာပေးဆွေးနွေးပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မိုင်းလွေကျေးရွာအုပ်စု၊ ဝမ်ဆလီကျေးရွာ၌ ပြုလုပ်ခဲ့သည်။
တောင်သူပညာပေး ဆွေးနွေးရာတွင် မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေးဆိုင်ရာများ၊ ပေါင်းသတ်ဆေးနှင့် သွင်းအားစု အသုံးပြုခြင်းဆိုင်ရာများနှင့် စိုက်ပျိုးရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအားချာက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကို အသိပညာပေး ဆွေးနွေးဟောပြာခဲ့သည်။
ဆွေးနွေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းယု ပြန်/ဆက်