ပေါင် စက်တင်ဘာ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ပန်းကုန်းကျေးရွာတွင် ရွှေခရုကျရောက်မှုနှင့်ပတ်သက်၍ ခရုနှင့်ဥမြုံကောက်ယူဖျက်ဆီးပွဲနှင့် တောင်သူနည်းပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက သဲကုန်းကျေးရွာ၌ပြုလုပ်ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများနှင့်၊ ခရိုင်ပိုးမွှားရောဂါတာဝန်ခံများက တောင်သူများအားအသိပညာပေးခြင်းပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးခြင်းပြုလုပ်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်ပိုးမွှားရောဂါတာဝန်ခံများနှင့်ဝန်ထမ်းများက တောင်သူများအား သဲကုန်း ကျေးရွာရှိတောင်သူ(၃၆)ဦးနှင့်လည်းကောင်း၊ နေ့လယ်(၁၂)နာရီတွင် ပန်းကုန်းကျေးရွာ၌ တောင်သူ(၂၂)ဦးနှင့်လည်းကောင်းတွေ့ဆုံ၍ မိုးစပါးရာသီရွှေခရုကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ အသိပညာပေးအပြင် ကွင်းဆင်း၍ ရွှေခရုကောက်ယူခြင်းနှင့် ဥမြုံဖျက်ဆီးခြင်းသရုပ်ပြခြင်းများပြုလုပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ရုံးမှဝန်ထမ်းများနှင့်ပိုးမွှားရောဂါတာဝန်ခံများသည် အဟောက်ကျေးရွာ၊ ဒေးကင်းကျေးရွာ၊ ဥက္ကံကျေးရွာများတို့လည်း လက်တွေ့ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)