မော်လမြိုင် စက်တင်ဘာ ၅
၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့တွင်ကျရောက်မည့် (၁၃)ကြိမ်မြောက်မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းရှိ ဦးသာညှင်းခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲအား မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဉာဏ်လင်းထွေး၊ ခရိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင် တာဝန်ရှိသူများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ တပ်ဖွဲ့စုမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူးတာဝန်ခံ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အထက်တန်း၊ အလယ်တန်းအဆင့်ကျောင်းသား/သူ(၄၀)ဦးက “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်း ပုံဖြတ်မှုအဆုံးသတ်စို့” ခေါင်းစဥ်ဖြင့်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား/သူများအား စက်တင်ဘာ(၁၃)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)