ချောင်းဆုံ စက်တင်ဘာ ၅
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံထူးချွန်သူများပေါ်ထွန်းလာစေရန်နှင့် စာပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကိုသိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စက်တင် ဘာလ ၃ ရက်နေ့ မွန်းလွဲ(၁)နာရီက ရွာလွတ် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းပညာဂုဏ်ရောင်ခန်းမ၌ “လူငယ်စကားဝိုင်း” ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပညာရေးမှူးဦးလှဋ္ဌေးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်မိသူဇာက ဦးဆောင်ဆွေးနွေးသူအဖြင့်ဆောင်ရွက်ကာ ပါဝင်ဆွေးနွေးသူ(Grade-12)ကျောင်းသားမောင်ငြိမ်းထက်စံက “လူငယ်တွေနည်းပညာနှင့် ပတ်သက်၍ ရရှိနိုင်သည့်အကျိုးကျေးဇူး”၊ (Grade-10)ကျောင်းသူမပန်းသူငြိမ်းမြတ်က “နည်းပညာရဲ့တိုးတက်မှုအကြောင်း”၊ (Grade-11)ကျောင်းသားမောင်ဉာဏ်ဟိန်းက “နည်းပညာ ဖြင့် ပေါင်းစပ်ထားတဲ့မွေးမြူရေး”နှင့် ကျောင်းသူမိခိုင်သဇင်ဖူးက “စိုက်ပျိုးရေးနှင့်နည်းပညာကဏ္ဍပေါင်းစပ်မှု” စသည့်ခေါင်းစဉ်များဖြင့်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏သိလိုသည်များကို ပြန်လည်ဖြေကြားခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ကြောင်းသိရသည်။
ကိုကျော်(ချောင်းဆုံ)