ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

ပြည်ကြီးတံခွန် စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့ နံနက် ၁၀ နာရီက  ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အခမ်းအနားတွင် မဟာအောင်မြေခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်ပက်သက်၍ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံ‌မဲ‌ပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ကျဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ (င) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ (င)ရပ်ကွက်နေ ပြည်သူ (၅၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင်