ညောင်ဦးမြို့နယ် မင်းနန်သူကျေးရွာနှင့်ဖျောက်ဆိပ်ပင်ကျေးရွာတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးမှု ဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသည် ကြီးကြပ်ရေးအဖွဲ့ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ကုန်ကျစရိတ်သက်သာပြီး လွယ်ကူရိုးရှင်း၍ အချိန်ကုန်သက်သာသည့် အပြင်၊ ယုံကြည်စိတ်ချရမှု အပြည့်အဝရှိသော မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနားလည်စေရန်၊ အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများကို ရပ်ကွက်/ကျေးရွာ အုပ်စုများနှင့် နယ်မြေခံတပ်နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ၊ စက်တင်ဘာဘာ ၅ ရက်၊ နံနက် ၉ နာရီအချိန်က ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ဖျောက်ဆိပ်ပင်ကျေးရွာနှင့်မင်နန်သူကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရုပ်ပြအခမ်းအနားတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့် မိတ်ဆက်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိက ဒေါ်ယွန်းယွန်းထိုက်က မဲပေးစက်ဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်လင်းပြောကြားသည်။ ထို့နောက် ရပ်ကွက်သူ/ရပ်ကွက်သားများက ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မဲပေးကြပြီး၊ ရွေးကောက်ပွဲကော်မရှင် အရာရှိက မဲပေးစက်မှ မဲလက်မှတ်စစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီ၏ မဲရလာဒ်ထုတ်ပြန်ခြင်းများကို လက်တွေ့ဆောင်ရွက်ပြသခဲ့ကြောင်း သိရသည်။

ဒီပါလင်း