ချမ်းအေးသာစံမြို့နယ် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာချောချောစိန်နှင့် မန္တလေးမြို့အတွင်းရှိ ပညာရေးဝန်ထမ်းများ ​တွေ့ဆုံပွဲအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ (၄) ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာန်ရှိသူများ၊ တိုင်းဒေသကြီးပညာရေးမှူး ဦးကျော်မိုးထွန်း၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ မန္တလေးမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

 တွေ့ဆုံပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ ဝန်ကြီးဌာနအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ မူဝါဒလမ်းစဉ်များအတိုင်း ဆောင်ရွက်လျက်ရှိမှု၊ သင်ကြားရေး၊ သုတေသနပြုရေး၊ ဆရာ၊ ဆရာမများ၏ အရည်အသွေးမြင့်မားရေး၊ ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များ စသည်ဖြင့် လုပ်ငန်းဆိုင်ရာများအား လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)