ပင်လုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ​ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်

ပင်လုံ စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)​ ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်းကို စက်တင်ဘာလ (၃) ရက်နေ့ နံနက် (၁၀) နာရီက ပင်လုံတက္ကသိုလ်ဘက်စုံခန်းမ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ ​ဒုတိယဦးစီးမှူး ဦးမိုးခိုင်နှင့် အငယ်တန်းစာရေး ဦးရဲထက်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ​ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် အီလက်ထရော်နစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြသပေးခဲ့ပြီး တက်ရောက်လာသောပြည်သူများက (MEVM) စက်ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)​ ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း အသိပညာပေးဟောပြောပွဲသို့ အဆိုပါကျောင်းရှိ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဝန်ထမ်းများ အင်အား (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)