သထုံမြို့နယ်၌ မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲ ကျင်းပ

သထုံ စက်တင်ဘာ

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို၊ အက၊အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဦးစွာ ဒိုင်အဖွဲ့ဝင်တစ်ဦးက ပြိုင်ပွဲ၏ အမှတ်ပေးစည်းမျဉ်းများ ရှင်းလင်း‌ပြောကြားပြီးနောက် ပြိုင်ပွဲကိုကျင်းပရာ ကာလပေါ်အဆို(၁၂)ဦး၊ မဟာဂီတ(၃)ဦး၊ အက(၁)ဦး၊ အတီး(၃)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူတို့က ပြည်နယ်အဆင့်၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကျောင်းသား၊ ကျောင်းသူတို့အား စိစစ်ရွေးချယ်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးနှင့် ‌သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများ၊ ကျောင်းသား/ကျောင်းသူများ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)