ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ကူဝိတ်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ- ၂၃ အာရှဖလားခြေစစ်ပွဲစဉ်ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ရန်ကုန် စက်တင်ဘာ ၄

မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ကူဝိတ်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ်ကို ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ကူဝိတ်လက်ရွေးစင် ယူ-၂၃ အမျိုးသား အသင်းတို့၏ ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးချစ်ပရိသတ်များက ကြည့်ရှုအားပေးကြရာ ပွဲပြီးဆုံးချိန်တွင် ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့သည်။

မြန်မာလက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းသည် ၂၀၂၆ ယူ-၂၃ အာရှဖလားခြေစစ်ပွဲစဉ် အုပ်စု(ခ)တွင် ကူဝိတ်၊ ဂျပန်နှင့် အာဖဂန်နစ္စတန်အသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကျန်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် ဂျပန်လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းနှင့် ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် အာဖဂန်နစ္စတန် လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)