ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက် ရှင်သန်ခိုင်မာရေး ကွင်းဆင်းဆောင်ရွက်

ဒဂုံတောင် စက်တင်ဘာ ၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ စံ(၅)ရပ်ညီ စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးအတွက် ယ‌နေ့နံနက် ၁၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းသန်းအေးနှင့် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းအေးတို့က ၅၆ ရပ်ကွက် ပညာ့အလင်းစာကြည့်တိုက်သို့ ကွင်းဆင်း၍ စံ(၅)ရပ်ညီပြီး စာကြည့်တိုက်ဖြစ်သည်နှင့်အညီ ရေရှည်ရှင်သန်ခိုင်မာစွာ ဖွင့်လှစ်နိုင်ရေး၊ စာဖတ်စာငှားသူများ တိုးပွားလာစေရေး၊ စာအုပ်စာစောင်များ ပျောက်ဆုံးပျက်စီးမှုမရှိစေရေး၊ သုတ၊ ရသစာအုပ်များနှင့် ကလေးစာပေများ တိုးပွားလာစေရေး၊ စာကြည့်တိုက်ဆိုင်းဘုတ်များ အမြင်တင့်တယ်စွာထားရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံညှိနှိုင်းဆွေး‌နွေးကြကြောင်းနှင့် စံညီစာကြည့်တိုက်ရှင်သန်ခိုင်မာရေးအတွက် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး(ပြန်/ဆက်)