မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက်၌ (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်း သရုပ်ပြ

မိုးနဲ စက်တင်ဘာ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပေါ့မိုင်းရပ်ကွက် ချမ်းသာကြီးဘုန်းကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က မြန်မာအီလက်ထရောနစ် (MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်းကို သရုပ်ပြခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ ဦးအောင်ကိုကိုဝင်းက (MEVM)မဲပေးစက်၏ အသုံးဝင်ပုံ၊ ယခင်မဲပေးစနစ်ထက် ယခုမဲပေးစနစ်၏ ကောင်းသောအချက်များ၊ မိုးနဲမြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့တွင် မဲရုံ(၃၉)ရုံပြုလုပ်ကာ ရွေးကောက်ပွဲကို စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လိုက်နာရှောင်ကြဉ်ရမည့်အချက်များနှင့် ကချင်၊ လီဆူး၊ ကယန်း၊ ဗမာ၊ အာခါ၊ လားဟူ၊ အင်းတိုင်းရင်းသားများအနေဖြင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသား(၄)မျိုးကို မဲပေးခွင့်ရှိပြီး ကျန်တိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားမှအပ ကျန်လွှတ်တော်(၃)ရပ်ကို မဲပေးခွင့်ရရှိခြင်း၏ အကြောင်းအရာများကို ရှမ်းဘာသာ မြန်မာဘာသာ(၂)မျိုးစလုံးဖြင့် ပေါ့မိုင်းရပ်ကွက်နေပြည်သူ(၃၅၀)ဦးအား အသိပညာပေးပြောကြားခဲ့ပြီး မဲပေးစက်ကိုလည်း လက်တွေ့မဲပေးနည်း သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးခြင်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး သန်းစိုးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဇင်ကိုကို