ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပ‌ဒေရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ပေါင် စက်တင်ဘာ ၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်(အ.လ.က)သဲဖြူကုန်းကျောင်း၌ ယနေ့မွန်းလွဲ(၁)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက်နှင့် ဥပဒေရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ရာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မုတ္တမစခန်းမှူး ရဲအုပ်ဝင်းညွန့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီဆွေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပေါင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မြင့်ဇော်ဦးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာများကိုလည်းကောင်း၊ မုတ္တမစခန်းမှူး ရဲအုပ်ဝင်းညွန့်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီဆွေက ကျေးဇူးတင်စကားပြောကြားပြီး ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ကြည့်ရူခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)