ပုသိမ်ကြီးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၄

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၀) နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၄ ရက်နေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်ချောစုခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ အားကစားသမားများ အားကစားသစ္စာဓိဋ္ဌာန် ရွတ်ဆိုကြသည်။ ထို့နောက် ရေထွက်မူလတန်းလွန်ကျောင်းမှ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ကပြဖျော်ဖြေပေးခဲ့ပြီးနောက် နယ်မြေ (၁) နှင့် နယ်မြေ (၄) အသင်းတို့ စတင်၍ ဘောလုံးပွဲစဥ်အား ယှဥ်ပြိုင်ကစားကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း (၄) သင်းဖြင့် စက်တင်ဘာ (၅) ရက်နေ့ထိ ယှဥ်ပြိုင်ကစားမည်ဖြစ်သည်။ အခမ်းအနားသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)