တံတားဦးမြို့နယ်တွင် အိမ်ဆိုင်နှင့် လမ်းဘေးဈေးဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချရေး စစ်ဆေးပညာပေး ဆောင်ရွက်

တံတားဦး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လမ်းမကြီးများ ဝဲ/ယာရှိ အိမ်ဆိုင်များနှင့် လမ်းဘေးဈေးအရောင်းဆိုင်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိ စစ်ဆေးပညာပေး ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၃ ရက်နေ့ မွန်းလွဲ (၂) နာရီက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

တံတားဦးမြို့နယ် သန့်ရှင်းသာယာလှပရေးနှင့် မြို့အင်္ဂါရပ်နှင့် ညီညွတ်သည့်မြို့ဖြစ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကောင်စီ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်၍ လမ်းမကြီးဘေးအိမ်ဆိုင်များနှင့်ဈေးအရောင်း ဆိုင်ရှင်ပိုင်ရှင်များအား စည်းကမ်းများနှင့်အညီ ရောင်းချရေး ဆွေးနွေးခဲ့ပြီးဖြစ်ရာ ယခုအခါသတ်မှတ်စည်းကမ်းနှင့်ရောင်းချခြင်းရှိ၊ မရှိ လှည့်လည်စစ်ဆေးခြင်းကို ဌာနဆိုင်ရာများက ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)