ပျော်ဘွယ် စက်တင်ဘာ ၄
ပျော်ဘွယ်မြို့နယ်တွင် အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ လက်နက်ကိုင်ပဋိပက္ခများကြောင့် ယာယီနေရပ်စွန့်ခွာလာသည့်ပြည်သူများအား တတိယအကြိမ် ထောက်ပံ့ပေးအပ်ပွဲကို စက်တင်ဘာ၄ရက် နံနက် ၉နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုး က နိုင်ငံတော်အနေဖြင့် ယာယီ နေရပ်စွန့်ခွာတိမ်းရှောင်လာသူများအတွက် ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းဆွေးသည်။ ဆက်လက်၍ အမျိုသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ယာယီနေရပ်စွန့်ခွာပြည်သူ (၁၉၆၇)ဦးအတွက် တစ်ဦးလျှင် ဧပြီလ၊ မေနှင့်ဇွန်လအတွက် သုံးလစာ ငွေကျပ် (၆၀၀၀၀)နှုန်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့်တာဝန်ရှိသူများက ထပ်ဆင့်ပေးအပ်ရာ သက်ဆိုင်ရာပြည်သူများက လက်ခံယူခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)