ပြင်ဦးလွင်မြို့နယ်တွင် “ပိုးမွေးမြူခြင်း၊ ပိုးအဆင့်အလိုက် ပိုးစာရွက်ကျွေးခြင်းနည်းစနစ်များ”တောင်သူပညာပေး ကွင်းသရုပ်ပြ

ပြင်ဦးလွင် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊ ဝါနှင့်လျှော်မျှင်ထွက်သီးနှံ ဌာနခွဲ၊ ပိုးသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာနမှ ဦးစီးကျင်းပသော  “ပိုးမွေးမြူခြင်း၊ ပိုးအဆင့်အလိုက် ပိုးစာရွက်ကျွေး ခြင်းနည်းစနစ်များ”တောင်သူပညာပေး ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ပြင်ဦးလွင်မြို့တွင် ကျင်းပသည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အမှာစကားပြောကြားပြီး ပိုးသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ခြံတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးနွယ်ဝင်းက  ကွင်းသရုပ်ပြပွဲ ကျင်းပရသည့်ရည်ရွယ်ချက်ပြောကြားခြင်းနှင့် “ပိုးမွေးမြူခြင်း၊ ပိုးအဆင့်အလိုက် ပိုးစာရွက်ကျွေးခြင်း နည်းစနစ်များ”ကို ဆက်လက်ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာသော ဆရာ၊ ဆရာမများမှ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခြင်းနှင့် ဆွေးနွေးမေးမြန်းချက်များအား နည်းပညာဖွံ့ဖြိုးရေးဗဟိုဌာန ခြံတာ၀န်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးနွယ်ဝင်းက ပြန်လည်ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာသည့် ဧည့်သည်တော်များအား“ပိုးမွေးမြူခြင်းနှင့် ပိုးအဆင့်အလိုက် ပိုးစာရွက်ကျွေးခြင်းနည်းစနစ်များ” လက်တွေ့ဆောင်ရွက်နေမှုများအား လိုက်လံရှင်းလင်းပြသပေးခဲ့ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)