ပုသိမ်ကြီးမြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကျင်းပ

ပုသိမ်ကြီး စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာ ပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အောင်မြေသာစံခရိုင် ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာအုပ်စု၊ ဘူးကုန်းကျေးရွာရှိ အားသစ်ဓမ္မာရုံ၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဆွေ က ကျေးရွာများမှ ဒေသခံပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာများကို အသိပေးပြောကြားခဲ့ပြီး ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မဲပေးစက် အကြောင်းအား လက်တွေ့ရှင်းလင်းပြသကာ၊ ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှု အားပေးသည်။

အခမ်းအနားသို့ ခရိုင်/ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ များနှင့် နန်းဦးလွင်ကျေးရွာ၊ ကြာနီကန်ကျေးရွာ၊ ပုသိမ်လေးကျေးရွာ၊ နေရဥ္ဇယျကျေးရွာ၊ မနောယျမကျေးရွာတို့မှ ကျေးရွာသူကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။ အလားတူ သမ္မတောကျေးရွာတွင်လည်း ကျင်းပကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်