လဲချားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေး ကွင်းဆင်းဆောင်ရွက်

လဲချား စက်တင်ဘာ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခုရရှိစေရေအတွက် ယမန်နေ့တွင် ဝမ်ဖိုင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများသည် ဝမ်ဖိုင်ကျေးရွာအုပ်စုနေပြည်သူများအား ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပါဝင်မဲပေးခွင့်ရှိသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ ကိုင်ဆောင်ခွင့်လက်မှတ်တစ်ခုခု ရရှိစေရေးအတွက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ‌နှင့်အတူ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)