ပြည်ကြီးတံခွန်မြို့နယ်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေး လက်တွေ့စမ်းသပ် မဲပေး 

ပြည်ကြီးတံခွန် စက်တင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်က  ပဥ္စသုခဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်(၂)ဦးကျော်စိုးဝင်းက  အမှာစကားပြောကြားသည်။ ဆက်လက်ပြီး အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးပုံ‌မဲ‌ပေးနည်းများ ရှင်းလင်းပြောကြားခြင်း၊ လွတ်လပ်ပြီးတရားမျှတ‌သော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်အား ရှင်းလင်းပြောကြားခဲ့ပြီး တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့  (ဂ)ရပ်ကွက်နေပြည်သူ ၃၀၀ ခန့် တက်ရောက်ကြောင်း သိရသည်။

အလားတူ ပြည်ကြီးတံခွန်မြို့နယ် (ဃ)ရပ်ကွက်တွင် စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီက မြသိန်းတန်ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်(၂) ဦးကျော်စိုးဝင်းက မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်းနှင့်ပက်သက်၍ အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က မဲပေးခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းပြောကြားခဲ့ပြီး (ဃ)ရပ်ကွက်နေ ပြည်သူ ၅၀၀ ခန့်က  ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ဇင်မင်းမောင်