မိုင်းခတ် စက်တင်ဘာ ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြည်သူများသို့ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝမ်ခုတ်ကျေးရွာအုပ်စု၊ ပင်းကွေကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းခတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှီးမွန်နှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး ဦးမျိုးဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက မိုင်းခတ်မြို့နယ် ဝမ်ခုတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ(၆)ရွာမှ တိုင်းရင်းသားပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြုခြင်းဆိုင်ရာများကို မြန်မာဘာသာ၊ ရှမ်းဘာသာတို့ဖြင့် အသိပညာပေးဟောပြောပြီး ကျေးရွာနေပြည်သူများကိုယ်တိုင် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)