ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲ ကျင်းပ

ချမ်းအေးသာစံ စက်တင်ဘာ ၄

ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လစဉ်စာတမ်းဖတ်ပွဲကို ကျင်းပလျက်ရှိရာ စတုတ္ထအကြိမ် စာတမ်းဖတ်ပွဲကို စက်တင်ဘာလ (၄) ရက်နေ့ နံနက် (၁၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့သည်။

စတုတ္ထအကြိမ်စာတမ်းဖတ်ပွဲတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က အဖွင့်အမှာစကား ပြောကြားပြီး စာတမ်းရှင်များဖြစ်သည့် စာရေးဆရာမကြီး ဒေါ်တင်မမခိုင် (တင်မမခိုင်-မန်းတက္ကသိုလ်) က “မန္တ‌လေးမြို့ ‌ရွှေမုဌောကိုးဆူသမိုင်း” စာတမ်းနှင့် စာရေးဆရာ သျှန်းဌေး (ဗုဒ္ဓစာပန်းချီ)က “ချမ်းသာရဘုရားသမိုင်း” စာတမ်းတို့က ဖတ်ကြားရာ တက်ရောက်လာသည့် စာရေးဆရာများ စာပေဝါသနာရှင်က မေးမြန်းဆွေးနွေးကြရာ စာတမ်းရှင်များက ပြန်လည်ဖြေကြားခဲ့သည်။

စာတမ်းဖတ်ပွဲသို့ ချမ်းအေးသာစံမြို့နယ် စာရေးဆရာအသင်းဝင်များနှင့် မန္တလေးမြို့ရှိ ရဟန်းစာပေပညာရှင်များ၊ စာရေးဆရာများ၊ Book Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)