ချမ်းမြသာစည် စက်တင်ဘာ ၄
လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီစနစ်အောင်မြင်ရေးအတွက် မဲပေးစက် အသုံးပြု၍ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်အား ပြည်သူများ သိရှိနားလည်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ်(၁)ရပ်ကွက်တွင် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အေးငြိမ်းပြည်ကျော်ဓမ္မာရုံ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးမောင်မြင့်က အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူးက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ မဲပေးပုံမဲပေးနည်းများကို ရှင်းလင်းပြသသည်။ ထို့နောက် တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ် မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်သည်။ချမ်းမြေ့(ချမ်း/စည်)