ကျောက်ပန်းတောင်းမြို့၌ မြန်မာအီလက်ထရောနစ်  မဲပေးစက်အသိပညာပေးခြင်းနှင့်  စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း စက်တင်ဘာ  ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးမှု သရုပ်ပြခြင်းများကို စက်တင်ဘာ၃ရက် မွန်းလွဲ၃နာရီက မြို့မရပ်ကွက်ရှိ ဓမ္မာရုံ၌ပြုလုပ်ရာ မြို့မရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့မှ ရပ်မိရပ်ဖများနှင့် ပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရန်မျိုးနိုင်က မိတ်ဆက်အမှာစကား ပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇင်မောင်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့မရပ်ကွက်နှင့် မြို့မတောင်ရပ်ကွက်တို့မှ ရပ်မိရပ်ဖများနှင့် ရပ်ကွက်နေပြည်သူများက မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်းကို ကိုယ်တိုင် လက်တွေ စမ်းသပ်ဆောင်ရွက်ကြသည်။ ယင်းနောက် မြို့နယ်ရွေးကောက်ပွဲ အရာရှိက Printer မှ ထွက်ရှိလာ သည့်စာရင်းဖြင့် ဆန္ဒပြုသူအရေအတွက် တိုက်ဆိုင်စစ်ဆေးခြင်းနှင့် ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲလက်မှတ်များစိစစ်၍  မဲရလဒ်ထုတ်ပြန်ခြင်းများကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)