ပျော်ဘွယ်မြို့နယ် ညောင်ရွှေအုပ်စုသို့ကွင်းဆင်း၍ မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းပွဲကျင်းပ

ပျော်ဘွယ် စက်တင်ဘာ ၃

ပျော်ဘွယ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် မဲဆန္ဒရှင်ပြည်သူများသို့ အသိပညာပေးခြင်းနှင့်လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၃ရက် ညနေ(၃)နာရီခွဲက ညောင်ရွှေအုပ်စု ညောင်နွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်နှင်းဆီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်းနှင့် မဲပေးပုံတို့ကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် ပြည်သူများက မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းပြုလုပ်ခဲ့ကာ မဲရလဒ်ကို လက်တွေ့ သရုပ်ပြထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အလားတူ တောတွင်လှအုပ်စု၊ ဝက်လက်အုပ်စုစသည့် အနီးဝန်းကျင်မှ ကျေးရွာပြည်သူများကိုဖိတ်ခေါ်၍ မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)