လှိုင်သာယာ စက်တင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ ပူးပေါင်း၍ အမှတ်(၁၁)ရပ်ကွက် သစ္စာသိဒ္ဓိဓမ္မာရုံနှင့် သာသနဝံသဓမ္မာရုံတို့တွင် မဲဆန္ဒရှင်ပြည်သူများအား MEVM မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဥ်ကို ယနေ့နံနက် (၉) နာရီက ကွင်းဆင်းပြုလုပ်ခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းနိုင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်သန်းသန်းဌေးတို့က MEVM မဲပေးစက်နှင့် ပတ်သက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲပေးကာလတွင် အခက်အခဲမရှိ မဲပေးနိုင်စေရန်ရည်ရွယ်၍ ယခုလို ကွင်ဆင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် MEVM မဲပေးစက်ဖြင့် လက်တွေ့အသုံးပြုပုံများကို ရှင်းလင်းပြောကြားပြီး ရပ်ကွက်နေပြည်သူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် အဆိုပါအစီအစဥ်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ နည်းပြ ဆရာ၊ ဆရာမများ ရပ်ကွက်ကော်မရှင်အဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် (ပြန်/ဆက်)